ခေါင်းကြီးသတင်းများ – MYANMAR NEWS POWER

ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
ဇူလိုင် ၁၂၊ ၂၀၂၆

ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အဆင့်မြှင့်တင် တည်ဆောက်ပြီးစီးခဲ့သည့် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

လေဆိပ်အဆောက်အအုံအသစ် ပထမထပ်၌ ကျင်းပပြုလုပ်ရာ ဦးစွာ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယနေ့သည် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအတွက် အထင်ကရဖြစ်ပြီး အေးချမ်းသာယာသည့် ပန်းမြို့တော်ပြင်ဦးလွင်၏ သမိုင်းတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ အနီးစခန်းလေဆိပ် ဖွင့်လှစ်ခြင်းသည် နိုင်ငံတော်၏လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့အတွက်ပါ အရေးပါသည့် ကြိုးပမ်းဆောင်ရွက်မှုမှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း။

အနီးစခန်းလေဆိပ်သည် လွတ်လပ်ရေးမရမီကာလကတည်းက ဖောက်လုပ်တည်ရှိခဲ့သည့် သမိုင်းအစဉ်အလာကြီးမားသော လေဆိပ်တစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထိန်းသိမ်းထားခဲ့ကြောင်း၊ ၁၉၅၂ ခုနှစ်မှ ၁၉၅၇ ခုနှစ်အတွင်း ဒါကိုတာလေယာဉ်များ၊ တပ်မတော် (လေ) မှ ဖော်ကာအက်ဖ်-၂၇ လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲအသုံးပြုခဲ့ကြောင်း၊ ယခင်က လေယာဉ်ပြေးလမ်း အလျားပေ ၄၄၅၀ နှင့် အကျယ်ပေ ၂၀၀ ရှိသည့် ကျောက်ရောမြေကြီးကွင်းတစ်ခုသာဖြစ်ခဲ့ကြောင်း။

၂၀၀၄ ခုနှစ်တွင် မူလလေယာဉ်ပြေးလမ်းကို အလျားပေ တစ်သောင်းအထိရရှိရေးအတွက် တစ်ဆက်တည်းရှိနေသည့် မြောက်ဘက်ကို တိုးချဲ့တည်ဆောက်ခဲ့ပြီး ကွန်ကရစ်ခင်း လေယာဉ်ရပ်နားနေရာကိုလည်း အလျား ပေ ၆၀၀၊ အနံ ပေ ၃၀၀ တည်ဆောက်ခဲ့ရာ ၂၀၀၆ ခုနှစ်၌ ပြီးစီးခဲ့ပြီးဖြစ်သည့်အတွက် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဆင်းသက်အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း။

လက်ရှိတွင် ရွေးကောက်တင်မြှောက်ခံရပြီး တာဝန်ယူနေသည့် နိုင်ငံတော်အစိုးရသစ်အနေဖြင့် နိုင်ငံတော်ကြီးကို ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို အင်တိုက်အားတိုက် ဖြည့်ဆည်းတည်ဆောက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဖြည့်ဆည်းတည်ဆောက်ရာတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် လေကြောင်းပို့ဆောင်ရေးကဏ္ဍကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ထားကြောင်း၊ ထို့ကြောင့်လည်း လေဆိပ်များအပါအဝင် အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းနှင့် အသစ်တည်ဆောက်ခြင်းစီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

လေဆိပ်ကွန်ရက်ကို ပိုမိုအားကောင်းလာစေမည်

လက်ရှိမြန်မာနိုင်ငံတွင် ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် ပြည်တွင်းလေဆိပ် ၂၈ ခု ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အနီးစခန်းလေဆိပ်သည် ပြည်တွင်းလေဆိပ်ကွန်ရက်ကို ပိုမိုအားကောင်းလာစေမည့် လေဆိပ်တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာနိုင်တော့မည်ဖြစ်ကြောင်း။

ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀ ကျော်တွင် တည်ရှိကြောင်း၊ တစ်နှစ်ပတ်လုံး သင့်တင့်မျှတသည့် ရာသီဥတုရှိပြီး ပန်းမန်များ ဖူးပွင့်ဝေဆာကာ သာယာလှပသည့် မြို့ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝက ဖန်တီးပေးထားသည့် အပန်းဖြေစခန်းများ တည်ရှိပြီး ရှေးဟောင်းဗိသုကာပညာလက်ရာများကိုပါ တွေ့မြင်ခံစားနိုင်သောကြောင့် ခေတ်အဆက်ဆက် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအကြား စိတ်ပါဝင်စားမှုများပြီး အထင်ကရကျော်ကြားခဲ့ကြောင်း၊ ပြင်ဦးလွင်ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီပန်းမြို့တော်၊ ကော်ဖီမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော်စသည်ဖြင့် မျှော်မှန်းပြီး နိုင်ငံ့ဂုဏ်ဆောင် မြို့ကြီးတစ်ခုအဖြစ် တည်ဆောက်နေကြောင်း၊ ထို့ကြောင့်လည်း ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေးအတွက် နိုင်ငံတော်အနေဖြင့် အနီးစခန်းလေဆိပ်ကို လေဆိပ်တစ်ခု၏အင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိစေရန် အဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၂၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

ထိုသို့ ဆောင်ရွက်ရာတွင် တစ်နှစ်လျှင် ခရီးသည် ၁၀၀၀၀၀ ဝင်/ထွက် အသုံးပြုနိုင်သည့် အလျား ပေ ၁၂၀၊ အနံ ပေ ၈၀ ရှိ steel structure နှစ်ထပ်လေဆိပ် အဆောက်အအုံသစ်ကို တည်ဆောက်ခဲ့ကြောင်း၊ Boeing 737-800 တို့ကဲ့သို့ လေယာဉ်အမျိုးအစားသုံးစင်း တစ်ပြိုင်တည်း ရပ်နားအသုံးပြုနိုင်စေရန် အလျား ပေ ၆၀၀၊ အနံ ပေ ၅၅၀ အထိ တိုးချဲ့ထားသည့် လေယာဉ်ရပ်နားနေရာ၊ အလျား ပေ ၃၀၊ အနံ ပေ ၂၀ နှင့် အမြင့် ၅၆ ပေရှိ လေကြောင်းထိန်း မျှော်စင်သစ်တို့ကိုလည်း တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် လေယာဉ်ဆင်းသက်မှု အထောက်အကူပြုလမ်းညွှန်စက်များ၊ လေယာဉ်ပြေးလမ်း လျှပ်စစ်မီးစနစ်များနှင့် လေယာဉ်ရောက်ရှိ နေရာပြလေကြောင်းလမ်းညွှန်စက်များကိုပါ တပ်ဆင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ကို ဂုဏ်ပြု အသိအမှတ်ပြုပါကြောင်း။

အထူးသဖြင့် အနီးစခန်းလေဆိပ်သည် ပြင်ဦးလွင်ဒေသ၏ ခရီးသွားကဏ္ဍတစ်ခုတည်းအတွက်သာမကဘဲ နိုင်ငံတော်၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ (ICT Sector) ကိုပါ တိုးတက်မြင့်မားရေးအတွက် ဗဟိုချက်မဖြစ်သည့် “ရတနာပုံဆိုက်ဘာစီးတီး” ကို ကမ္ဘာ့အဆင့်မီ Silicon Valley တစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ရည်ရွယ်ဆောင်ရွက်ရာတွင် အဓိကကျသည့် လေကြောင်းဆက်သွယ်ရေးတံခါးပေါက် (Strategic Gateway) ဖြစ်လာမည်လည်း ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပမှ နည်းပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးကို အချိန်တိုအတွင်း လျင်မြန်ချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ နည်းပညာဖွံ့ဖြိုးမှုနှင့် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးနိုင်မည်ပင်ဖြစ်ကြောင်း။

ထို့အပြင် ပန်းမြို့တော် ပြင်ဦးလွင်ဒေသ၏ အဓိကဂုဏ်ဆောင်ဖြစ်သည့် အဆင့်မြင့်ပန်းမန်များ၊ ကော်ဖီနှင့် စတော်ဘယ်ရီစသည့် လတ်ဆတ်မှု လိုအပ်သည့် အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များကို လေကြောင်းကုန်စည်ပို့ဆောင်ရေးစနစ် (Air Cargo & Cold Chain Logistics) ကို အသုံးပြုပြီး ပြည်တွင်းဈေးကွက်များသာမက ပြည်ပနိုင်ငံများသို့ပါ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်တင်ပို့ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ယင်းအခြေအနေသည် ဒေသခံတောင်သူများနှင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းသစ်များစွာကို ဖန်တီးပေးပြီး ဒေသဖွံ့ဖြိုးရေးနှင့် ခေတ်မီစိုက်ပျိုးစီးပွားရေးကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။

ထို့ကြောင့် အနာဂတ်တွင် အနီးစခန်းလေဆိပ်ကို ပိုမိုကြီးမားသည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် ခေတ်မီလေဆိပ်တစ်ခုအဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ လေယာဉ်များ အမြန်ဆင်းသက်ထွက်ခွာနိုင်မည့် ဝင်လမ်း ထွက်လမ်းများ၊ ကုန်စည်တင် လေယာဉ်ရပ်နားနေရာ၊ ကုန်စည်သိုလှောင်ရုံစသည့် အခြေခံအဆောက်အအုံများကိုလည်း အဆင့်ဆင့်ဖြည့်ဆည်းတည်ဆောက်ပြီး အဆင့်မြှင့်တင်သွားရန် လျာထားစီစဉ်ထားပြီးဖြစ်ကြောင်း၊ ယခုလေဆိပ်သည် ရှမ်းပြည်နယ်ရှိ လေဆိပ်များအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ လေဆိပ်များနှင့် ကွန်ရက်ချိတ်ဆက်ပျံသန်းသည့် လေကြောင်းခရီးစဉ်များကို အထောက်အကူပြုပြီး ကုန်သွယ်ရေးနှင့် နည်းပညာစီးဆင်းမှုများမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးမည့် လေဆိပ်အဖြစ် ခိုင်ခိုင်မာမာရပ်တည်လိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်း။

အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ အရေးကြီး အခြေခံအဆောက်အအုံများမှ စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အစိုးရသစ်၏ ပထမရက် ၁၀၀ စီမံကိန်းကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအောင်မြင်မှုအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာများ၊ တပ်မတော်အင်ဂျင်နီယာများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအားလုံးကို နိုင်ငံတော်ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း။

ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး နိုင်ငံတော်က ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံတည်ဆောက်ပေးခဲ့သည့် အနီးစခန်းလေဆိပ်ကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အားလုံးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန်နှင့် လေဆိပ်ကို အသုံးပြုပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လေဆိပ်အဆောက်အအုံသစ်ဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုနှင့် ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အနီးစခန်းလေဆိပ်၊ လေဆိပ်အဆောက်အအုံဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်အား နေရာအရောက် ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် လေဆိပ်အဆောက်အအုံနှင့် လေယာဉ်ရပ်နားရန်နေရာ အသစ်တည်ဆောက်ပြီးစီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Crd: သတင်းစဉ်

“ပင်လယ်ကွေ့နိုင်ငံများအပေါ် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အီရန်နိုင်ငံကို GCC က ပြင်းထန်စွာ ရှုတ်ချလိုက်သည်”
ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ၏ အထွေထွေအတွင်းရေးမှူးချုပ် ဂျာဆင် မိုဟာမက် အယ်လ်ဘူဒိုင်းဝီ (Jassem Mohamed Albudaiwi) က ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။အီရန်နိုင်ငံသည် ကာတာ၊ ယူအေအီး (UAE)၊ ဘာရိန်း၊ အိုမန်၊ ကူဝိတ် နှင့် ဂျော်ဒန်နိုင်ငံတို့ကို ထပ်ခါတလဲလဲ ပစ်မှတ်ထား တိုက်ခိုက်နေသည့်အပြင် ကုန်သွယ်ရေးသင်္ဘောများကိုပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြောင်း ၎င်းက စွပ်စွဲပြောကြားခဲ့သည်။တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည့် ၎င်း၏ကြေညာချက်တွင် အီရန်၏ ဤလုပ်ရပ်များသည် နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂ (UN) ပဋိညာဉ်စာတမ်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၈၁၇ (UN Security Council Resolution 2817) တို့ကို အတိအလင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။အီရန်၏ အဆိုပါရန်စမှုများသည် ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် (Freedom of navigation) တို့ကိုပါ ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း ၎င်းက ဆက်လက်သတိပေးပြောကြားထားသည်။

Crd: Qatar News Agency

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် နိုင်ငံရေးနဲ့ အားကစားလောကကြား အငြင်းပွားဖွယ်ရာ ဂယက်ရိုက်ခတ်မှု
သမ္မတ ထရန့်က ဖီဖာ (FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို (Gianni Infantino) ဆီကို တိုက်ရိုက် ဖုန်းဆက်ခဲ့ပြီးနောက်၊ အမေရိကန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် (Folarin Balogun) ရရှိထားတဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကို ဖီဖာက ဆိုင်းငံ့ပေးဖို့ သမိုင်းဝင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် ဘာလိုဂန်ဟာ ဘယ်လ်ဂျီယမ်နဲ့ ကစားရမယ့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဝင်ရောက်ကစားခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။သမ္မတ ထရန့်က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဖို့ ပွဲအပြီးမှာ အင်ဖန်တီနိုထံ ချက်ချင်း ဖုန်းဆက်ခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြု ပြောကြားခဲ့ပါတယ်။တနင်္ဂနွေနေ့မှာတော့ ဖီဖာက ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၇ ကို အသုံးပြုပြီး ဘာလိုဂန်ရဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကို လုံးဝဆိုင်းငံ့လိုက်ပြီး သူ့ကို တစ်နှစ်တာ စောင့်ကြည့်ကာလအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အကယ်၍ သူဟာ နောက်ထပ် တစ်နှစ်အတွင်း အလားတူ ပြစ်မှုမျိုး ထပ်မံကျူးလွန်ရင်တော့ ဒီပွဲပယ်ပြစ်ဒဏ်က ပြန်လည် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ဖီဖာအနေနဲ့ ယခင်က ခရစ္စတီယာနို ရော်နယ်ဒိုလို ကစားသမားမျိုးတွေရဲ့ ခြေစစ်ပွဲ ပြစ်ဒဏ်တွေကို နောက်ရက်ရွှေ့ဆိုင်းပေးခဲ့ဖူးတာမျိုး ရှိပေမယ့်၊ အခုလို ကမ္ဘာ့ဖလား ပွဲစဉ်အတွင်း တိုက်ရိုက်ထိခိုက်စေမယ့် အနီကတ်ပြစ်ဒဏ်ကို ပြိုင်ပွဲအလယ်မှာ ပယ်ဖျက်ပေးခဲ့တာကတော့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့် ဘောလုံးလောကဟာ နှစ်ခြမ်းကွဲသွားခဲ့ပြီး အားကစားရဲ့ ဂုဏ်သိက္ခာအပေါ် နိုင်ငံရေးဩဇာ လွှမ်းမိုးမှုရှိနေခြင်း ရှိမရှိဆိုတဲ့ မေးခွန်းတွေ ပြင်းထန်စွာ ထွက်ပေါ်လာပါတယ်။

Crd:  CNN’s Catherine Nicholls and Kyle Feldscher contributed to this report.

‎ကျောက်ပန်းတောင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ လျှံကာ လူ၁၉ ဦး လိုက်ပါစီးနင်းလာတဲ့ကားတစ်စီးမျောပါလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်
‎၂၆.၄.၂၀၂၆ ။ကျောက်ပန်းတောင်း ။

‎မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာမှာ ဒီနေ့ ဧပြီလ ၂၆ ရက်နေ့က ညနေ ၅ နာရီကျော် အချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်း -ပုပ္ပါးလမ်းမပေါ်ရှိ ဆည်ပေါက်ချောင်းရေလျှံကာ ယာဉ်(၁)စီး ရေစီးနဲ့ အတူမျှောပါမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

‎အဆိုပါယာဉ်ပေါ်မှာ လူ၁၉ လိုက်ပါလာပြီး ယာဉ်ပေါ်မှာ လူတွေပိတ်မိနေတဲ့ သတင်းအရ ကျောက်ပန်းတောင်းမြို့နယ် ၊ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာအဖွဲ့အစည်း‌တွေနဲ့ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

‎ည‌နေ ၆ နာရီ ၃၄ မိနစ်အချိန်မှာတော့ ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦး အမျိုးသမီး(၁၁)ဦးနဲ့ ကလေး(၃)ဦးတို့ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ကာ ၊ ယာဉ်ကိုလည်း ဆွဲတင် ကူညီနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo credit; မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

သတင်း ခေါင်းစဉ်
Lorem ipsum, or lipsum as it is sometimes known, is dummy text used in laying out print, graphic or web designs. The passage is attributed to an unknown typesetter in the 15th century who is thought to have scrambled parts of Cicero’s De Finibus Bonorum et Malorum for use in a type specimen book. It usually begins with:

“Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.”

The purpose of lorem ipsum is to create a natural looking block of text (sentence, paragraph, page, etc.) that doesn’t distract from the layout. A practice not without controversy, laying out pages with meaningless filler text can be very useful when the focus is meant to be on design, not content.

The passage experienced a surge in popularity during the 1960s when Letraset used it on their dry-transfer sheets, and again during the 90s as desktop publishers bundled the text with their software. Today it’s seen all around the web; on templates, websites, and stock designs. Use our generator to get your own, or read on for the authoritative history of lorem ipsum.