‎ကျောက်ပန်းတောင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ လျှံကာ လူ၁၉ ဦး လိုက်ပါစီးနင်းလာတဲ့ကားတစ်စီးမျောပါလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်

‎၂၆.၄.၂၀၂၆ ။ကျောက်ပန်းတောင်း ။

‎မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာမှာ ဒီနေ့ ဧပြီလ ၂၆ ရက်နေ့က ညနေ ၅ နာရီကျော် အချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်း -ပုပ္ပါးလမ်းမပေါ်ရှိ ဆည်ပေါက်ချောင်းရေလျှံကာ ယာဉ်(၁)စီး ရေစီးနဲ့ အတူမျှောပါမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

‎အဆိုပါယာဉ်ပေါ်မှာ လူ၁၉ လိုက်ပါလာပြီး ယာဉ်ပေါ်မှာ လူတွေပိတ်မိနေတဲ့ သတင်းအရ ကျောက်ပန်းတောင်းမြို့နယ် ၊ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာအဖွဲ့အစည်း‌တွေနဲ့ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

‎ည‌နေ ၆ နာရီ ၃၄ မိနစ်အချိန်မှာတော့ ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦး အမျိုးသမီး(၁၁)ဦးနဲ့ ကလေး(၃)ဦးတို့ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ကာ ၊ ယာဉ်ကိုလည်း ဆွဲတင် ကူညီနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo credit; မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
mmnewspower #မီးသတ် #ကျောက်ပန်းတောင်း #‌မိုးရွာသွန်းမှု #မိုးသည်းထန် #ချောင်းရေလျှံ

Leave a Reply

Your email address will not be published. Required fields are marked *