ညောင်ရွှေမြိုမှ ၁၂ ဘီးယာဉ်မောင်းတစ်ဦး အွန်လိုင်းဂိမ်းကြောင့် အကြွေးတင်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်

​၃.၇.၂၀၂၆။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ကလော ကားလမ်းမပေါ်မှာ  ဒီက‌နေ့ (ဇူလိုင် ၃ ရက်) နံနက်ပိုင်းက အသက် ၂၈ နှစ်အရွယ် ၁၂ ဘီးကုန်တင်ယာဉ်မောင်းတစ်ဦး အွန်လိုင်းစလော့ဂိမ်းကစားရာမှ ငွေကြေးဆုံးရှုးပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှု အသင်းထံမှ သိရပါတယ်။

​ဖြစ်စဉ်မှာ ရန်ကုန်မြိုမှ ရှမ်းတောင်ဆီ တက်လာတဲ့ အဆိုပါ ၁၂ ဘီးယာဉ်ဟာ ကလောမြိုနယ် တိုးဂိတ်အနီးမှာ ရပ်နားထားစဉ် ယာဉ်မောင်းဖြစ်သူက ယာဉ်နောက်လိုက် (စပယ်ယာ) အိပ်ပျော်နေချိန်အတွင်း သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

“” သူက ကြိုးဆွဲချသွားတာ ၊ သူ့ကားပေါ်က‌နေပဲ ။ ကားပေါ်မှာပဲ ဆွဲကြိုးချတာ ။ သူ့ကားစပါယ်ယာ ကားထွက်ဖို သွားပြောမှတွေ့တာ ။ အလောင်းက ပျော့ပြောင်းနေတုန်းမို တွေ့ချိန်နဲ့ သေချိန် သိပ်မကွာ လောက်ဘူး‌ “” လို MMNewsPower က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ် ။

သေဆုံးသူ ယာဉ်‌မောင်းက ကားပေါ်ပါ ကုန်ပစ္စည်းဖိုးငွေ တွေနဲ့ ယာဉ်ပိုင်ရှင်ထံ အပ်နှံရမယ့် ငွေကြေး‌တွေကို အွန်လိုင်းစလော့ဂိမ်းမှာ ထည့်သွင်းကစားခဲ့တာကြောင့်  ငွေကျပ် သိန်း ၁၅၀ ဝန်းကျင်ခန့် အကြွေးတင်ရှိသွားရာမှ အခုလို သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

​သေဆုံးသူရဲ့ ရုပ်အလောင်းကို အောင်ပန်းနာရေးလူမှုကူညီရေးအသင်းက ကလောမြို ပြည်သူ့ဆေးရုံ ရင်ခွဲရုံဆီ  ကူညီသယ်ဆောင်ပေးခဲ့တယ်လို သိရပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်း‌ တွေကို ထိရောက်စွာ အရေးယူနိုင်ဖိုအတွက် ပြည်ထဲရေးဝန်ကြီးဌာနက ပြစ်ဒဏ်အမြင့်ဆုံးအဖြစ် သေဒဏ် သိုမဟုတ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ ဥပဒေကြမ်းကို ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။

#ဓာတ်ပုံ – အောင်ပန်းနာကူ
#MMNewsPower

Leave a Reply

Your email address will not be published. Required fields are marked *