ည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဓာတ်အားလိုင်းများတစ်လျှောက်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို လာမည့် ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ (၃၃ ကေဗီ Project M/O ဓာတ်အားလိုင်းနှင့် ၃၃ ကေဗီ MRTV-1 ဓာတ်အားလိုင်းများအား) ယာယီဓာတ်အားပိတ်၍ ထိန်းသိမ်းပြုပြင်သွားမည် ဖြစ်တယ်လို ဒီနေ့နိုင်ငံပိုင် သတင်းစာမှာ ကြေညာပါတယ်။
ထိုအပြင် ရန်ကုန်-မန္တလေး မီးရထားသံလမ်းဘေး (AH1) လမ်းမကြီးရှိ မီးရထားသံလမ်းခုံးကျော်တံတား တည်ဆောက်ခြင်းနှင့် ၃၃ ကေဗီ ပျဉ်းမနား-အေလာ ဓာတ်အားလိုင်း ပြောင်းရွှေ့သွယ်တန်းခြင်းတိုအတွက် ဇွန်လ ၁၃ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဓာတ်အားပိတ်ဆို ဆောင်ရွက်သွားမှာဖြစ်ရာ အေလာမြိုနှင့် သာဝတ္ထိမြိုတိုရှိ ရပ်ကွက်/ကျေးရွာများနှင့် ရုံးဌာနများတွင် ဓာတ်အား ယာယီပြတ်တောက်မှာ ဖြစ်ပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် (၆၆ ကေဗီ တောင်ကြီး-ဟိုပုံး၊ ၃၃ ကေဗီ ဟိုပုံး-နမ့်စန်နှင့် မိုင်းပွန်) ဓာတ်အားလိုင်းများကိုလည်း ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တိုတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဓာတ်အားပိတ်၍ ပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်ပါတယ်။ ယင်းသို ဆောင်ရွက်ချိန်အတွင်း ဟိုပုံးမြို၊ ကျောက်တန်းမြို၊ မိုင်းပွန်မြိုတိုရှိ ရပ်ကွက် (၁၁) ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၀၆ ရွာတိုတွင် ယာယီဓာတ်အား ပြတ်တောက်မှာ ဖြစ်တယ်လို အသိပေး ကြေညာထားပါတယ်။
ဒါ့အပြင် သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ သြဂုတ်လအတွင်း ပြန်လည်လည်ပတ်မယ်လိုလည်း သိရှိရပါတယ်။ မွန်ပြည်နယ်၊ သထုံမြိုနယ်၊ ကြာပန်းကျေးရွာရှိ ၁၁၈ မဂ္ဂါဝပ်ကျော် ထုတ်လုပ်နိုင်သည့် သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လာမည့် သြဂုတ်လအတွင်း ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိပါတယ်။ အဆိုပါစက်ရုံသည် ရေနွေးငွေ့တာဘိုင်စက်လုံးကို လက်ရှိ တရုတ်နိုင်ငံမှာ ပြုပြင်မှုတွေ ဆောင်ရွက်နေပြီး သြဂုတ်လအတွင်း စက်ရုံပြန်လည် လည်ပတ်နိုင်ပါက မွန်ပြည်နယ်အတွင်း ထုတ်လုပ်ရရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို အမျိုးသားဓာတ်အားလိုင်းသို ပိုလွှတ်ကာ သတ်မှတ်ခွဲဝေမှုအတိုင်း ပြန်လည်ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
#MMNewsPower #မြန်မာနယူးစ်ပါဝါ #လျှပ်စစ် #စမ်းအင်
