
သမ္မတ ထရန့်က ဖီဖာ (FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို (Gianni Infantino) ဆီကို တိုက်ရိုက် ဖုန်းဆက်ခဲ့ပြီးနောက်၊ အမေရိကန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် (Folarin Balogun) ရရှိထားတဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကို ဖီဖာက ဆိုင်းငံ့ပေးဖို့ သမိုင်းဝင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် ဘာလိုဂန်ဟာ ဘယ်လ်ဂျီယမ်နဲ့ ကစားရမယ့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဝင်ရောက်ကစားခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။သမ္မတ ထရန့်က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဖို့ ပွဲအပြီးမှာ အင်ဖန်တီနိုထံ ချက်ချင်း ဖုန်းဆက်ခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြု ပြောကြားခဲ့ပါတယ်။တနင်္ဂနွေနေ့မှာတော့ ဖီဖာက ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၇ ကို အသုံးပြုပြီး ဘာလိုဂန်ရဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကို လုံးဝဆိုင်းငံ့လိုက်ပြီး သူ့ကို တစ်နှစ်တာ စောင့်ကြည့်ကာလအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အကယ်၍ သူဟာ နောက်ထပ် တစ်နှစ်အတွင်း အလားတူ ပြစ်မှုမျိုး ထပ်မံကျူးလွန်ရင်တော့ ဒီပွဲပယ်ပြစ်ဒဏ်က ပြန်လည် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
ဖီဖာအနေနဲ့ ယခင်က ခရစ္စတီယာနို ရော်နယ်ဒိုလို ကစားသမားမျိုးတွေရဲ့ ခြေစစ်ပွဲ ပြစ်ဒဏ်တွေကို နောက်ရက်ရွှေ့ဆိုင်းပေးခဲ့ဖူးတာမျိုး ရှိပေမယ့်၊ အခုလို ကမ္ဘာ့ဖလား ပွဲစဉ်အတွင်း တိုက်ရိုက်ထိခိုက်စေမယ့် အနီကတ်ပြစ်ဒဏ်ကို ပြိုင်ပွဲအလယ်မှာ ပယ်ဖျက်ပေးခဲ့တာကတော့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့် ဘောလုံးလောကဟာ နှစ်ခြမ်းကွဲသွားခဲ့ပြီး အားကစားရဲ့ ဂုဏ်သိက္ခာအပေါ် နိုင်ငံရေးဩဇာ လွှမ်းမိုးမှုရှိနေခြင်း ရှိမရှိဆိုတဲ့ မေးခွန်းတွေ ပြင်းထန်စွာ ထွက်ပေါ်လာပါတယ်။
Crd: CNN’s Catherine Nicholls and Kyle Feldscher contributed to this report.