“ပင်လယ်ကွေ့နိုင်ငံများအပေါ် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အီရန်နိုင်ငံကို GCC က ပြင်းထန်စွာ ရှုတ်ချလိုက်သည်”

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ၏ အထွေထွေအတွင်းရေးမှူးချုပ် ဂျာဆင် မိုဟာမက် အယ်လ်ဘူဒိုင်းဝီ (Jassem Mohamed Albudaiwi) က ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။အီရန်နိုင်ငံသည် ကာတာ၊ ယူအေအီး (UAE)၊ ဘာရိန်း၊ အိုမန်၊ ကူဝိတ် နှင့် ဂျော်ဒန်နိုင်ငံတို့ကို ထပ်ခါတလဲလဲ ပစ်မှတ်ထား တိုက်ခိုက်နေသည့်အပြင် ကုန်သွယ်ရေးသင်္ဘောများကိုပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြောင်း ၎င်းက စွပ်စွဲပြောကြားခဲ့သည်။တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည့် ၎င်း၏ကြေညာချက်တွင် အီရန်၏ ဤလုပ်ရပ်များသည် နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂ (UN) ပဋိညာဉ်စာတမ်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၈၁၇ (UN Security Council Resolution 2817) တို့ကို အတိအလင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။အီရန်၏ အဆိုပါရန်စမှုများသည် ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် (Freedom of navigation) တို့ကိုပါ ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း ၎င်းက ဆက်လက်သတိပေးပြောကြားထားသည်။

Crd: Qatar News Agency

Leave a Reply

Your email address will not be published. Required fields are marked *