မအူပင်မြို့၌ မြစ်ကမ်းပါးနိမ့်ဆင်းအိကျမှုထပ်မံဖြစ်ပေါ်

ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အရှေ့ကျေးရွာအုပ်စု၊ ဝောာင်ပိုင်းကျေးရွာကမ်းနားပိုင်းတွင် ယန့မွန်းလွဲပိုင်းက တိုးမြစ်ရေတိုက်စားမှုကြောင့် အလျား ပေ (၁၀၀)၊ အနံ (၉)ပေခန့်ရှိ မြေသားမှာ အောက်သို့ (၁၀)ပေခန့် မြစ်ကမ်းပါးနိမ့်ဆင်းအိကျမှု ထပ်မံဖြစ်ပေါ်ခဲ့သည်။

မြစ်ရေတိုက်စားမှုနှင့်ပတ်သက်၍ တလုပ်လပ်အရှေ့အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများမှ မြစ်ကမ်းပါးဆက်လက်ပြိုကျမှု မဖြစ်ပေါ်စေရေးအတွက် ယခင်က ဝါးများ၊ သစ်ကိုင်းများ၊ သဲအိတ်များချ၍ မြစ်ကမ်းပြိုမှုလျော့နည်းစေရေးဆောင်ရွက်ခဲ့ပြီး ယခုရေတိုက်စားမှုမှာ ကွန်ကရစ်လမ်း၏ အောက်ဘက်အတွင်းသို့ တိုက်စားနေခြင်းဖြစ်သည့်အတွက် ကြိုတင်ကာကွယ်တားဆီးမှုများ ပြုလုပ်ရန်ခက်ခဲသောကြောင့် မြစ်ကမ်းနိမ့်ဆင်းကျမှုအခြေအနေကို ရေအရင်းမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ မြစ်ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သတင်းပေးပို့ထားရှိပြီးဖြစ်ကြောင်း သိရသည်။

Crd: ပြန်/ဆက်

မအူပင်မြို့၌ မြစ်ကမ်းပါးနိမ့်ဆင်းအိကျမှုထပ်မံဖြစ်ပေါ် | Information and Public Relations Department

Leave a Reply

Your email address will not be published. Required fields are marked *